myanmar noble university

aiming for success
Event & News Article Wright Brothers
Wright Brothers21 May 2019
Wright Brothers

🛫 အခက်အခဲကြားမှ မိမိအိပ်မက်တွေကို အကောင်အထည်ဖော်နိုင်သူလေးများ 🛬

တစ်ချိန်က လူငယ်လေး ၂ ယောက်ရှိခဲ့တယ် … သူတို့ ၂ ဦးဟာ အထက်တန်းကျောင်းအထိသာ ပညာသင်ယူ ဆည်းပူးခွင့် ရရှိခဲ့ပြီး တက္ကသိုလ်တက်ရောက်ဖို့ ငွေကြေးအခက်အခဲတွေရှိခဲ့လို့ မတက်ရောက်နိုင်ခဲ့ပါဘူး … သို့သော် ငယ်စဉ်ကတည်းက မိမိတို့စိတ်ဝင်စားခဲ့တဲ့ စက်ပစ္စည်းကရိယာများကို အမြဲစူးစမ်းလေ့လာခဲ့ပါတယ် … ဒီလိုနဲ့သူတို့ဟာ စက်ဘီးပြုပြင်တပ်ဆင်တဲ့ ဆိုင်လေးတစ်ခုဖွင့်ခဲ့တယ် … အဲဒီဆိုင်လေးမှာရရှိလာတဲ့ ၀င်ငွေနဲ့ သူတို့အရင်ကတည်းက စိတ်ဝင်စားခဲ့တဲ့ မိုးပေါ်မှာ ပျံသန်းနေတဲ့ ငှက်လေးတွေရဲ့ပုံစံ သေတ္တာပုံစွန်လေး၏ လေထဲပျံသန်းနေပုံတို့ကို သုတေသနပြုလုပ်ကာ မိုးပေါ်၌ပျံသန်းလို့ရမယ့် နည်းပညာများကို စူးစမ်းလေ့လာ ခဲ့ကြတယ် …ပထမခြေလှမ်းအနေဖြင့် အတောင် ၂ ဖက်နှင့် ပဲ့လိုအထိန်းပါပြီး လူစီးနင်းလိုက်ပါနိုင်တဲ့ ဂလိုက်ဒါ လေယာဉ်ကို ကစ်တီဟော့မှာ အောင်မြင်စွာ စမ်းသပ်ပျံသန်း ခဲ့တယ် ... ထိုမှတစ်ဆင့် အတောင်ပုံစံမျိုးစုံတင်မက လေဖိအားအကြောင်းတွေပါလေ့လာပြီး နောက်ဆုံး မောင်းသူအပါအ၀င် ပေါင် ၇၅၀ အလေးချိန်ရှိတဲ့ အင်ဂျင်တပ်လေယာဉ်ပျံကို အောင်မြင်စွာဆောက်လုပ်နိုင်ခဲ့တယ် .. ထိုသူ ၂ ဦးကတော့ Orville Wright နှင့် Wilbur Wright ညီနောင် ၂ ဦးပဲဖြစ်ပါတယ် .. Orville Wright က ဦးစွာလေယာဉ်ပျံကို စမ်းသပ်မောင်းနှင်ကြည့်ရာ လေထဲတွင် ၁၂ စက္ကန့်ကို ပေ ၁၂၀ အထိပျံသန်းပြီး Wilbur Wright အလှည့်တွင် ၅၉ စက္ကန့်ကို ပေ ၈၅၂ ပေအထိ ပျံသန်းနိုင်ခဲ့တယ် ... ငွေကြေးအခက်အခဲကြောင့် တက္ကသိုလ်တက်ခွင့် မရရှိခဲ့ပေမယ့် ၄င်းတို့ရဲ့စိတ်ကူးအိပ်မက်တွေကို အခက်အခဲတွေကြားမှ လက်တွေ့အကောင်အထည်ဖော်နိုင်ခဲ့တာ အံ့မခန်းပါပဲ ...

ယခုခေတ်အခါမှာ ကျောင်းသူ၊ ကျောင်းသားများအနေဖြင့် မိမိတို့ကြိုးစားရင် ကြိုးစားသလို Scholarship Program လေးတွေနဲ့ အနာဂတ်အိပ်မက်တွေကို ပုံဖော်နိုင်ပါပြီ .. ထို့အတူ MNU မှာရှိတဲ့ ME ကျောင်းသား ၂ ဦးဖြစ်တဲ့ Mg Win Non Htaw နှင့် Mg Min Thura Kyaw ဟာလည်း ဆရာ၊ ဆရာမ များ၏ စေတနာထားကာ သင်ကြားပြသခြင်းအပေါ် မိမိတို့ကိုယ်တိုင် လိုက်နာကြိုးစားအားထုတ်မှုကြောင့် ပထမခြေလှမ်းအနေဖြင့် အောင်မြင်မှုကို Pearson မှချီးမြှင့်သော BTEC 2019 ဆုကိုရရှိခဲ့တယ် …
https://www.facebook.com/MNCEducation/posts/2170163649726798

ဒါကြောင့် မိမိရဲ့ဘ၀ကို တန်ဖိုးရှိသော ခြေလှမ်းများဖြင့် စတင်ရန် MNC သို့ လာရောက်၍ လေ့လာသင်ယူခြင်းဖြင့် ရည်မှန်းထားသော ပန်းတိုင်သို့ အရောက်လှမ်းရန် ဖိတ်ခေါ်လိုက်ပါတယ် ..