myanmar noble university

aiming for success
Edison21 May 2019
Edison

☆ အက်ဒီဆင် 💡 အကြောင်း တစေ့တစောင်း ☆

သောမတ်စ်အယ်ဒီဆင်ဟာ ကျောင်းစတက်ပြီး တစ်လအကြာမှာ ဆရာမကသူ့ကိုစာအိတ်လေး တစ်လုံးပေးလိုက်တယ် သူ့အမေကိုပေးဖို့ ဆိုပြီးပေါ့ ဒါနဲ့သူအိမ်ပြန်ရောက်တော့ အဲဒီစာအိတ်လေးကို မေမေဆီပေးလိုက်တာပေါ့ သူ့မေမေကစာအိတ်လေးကို ဖွင့်ပြီးဖတ်ပြလိုက်တယ် “အစ်မရဲ့သားက ဥာဏ်ပညာအလွန်ထက်မြတ်ပြီး ပါရမီရှင်တစ်ယောက်ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်မတို့ကျောင်းမှာ သူ့လောက်တော်တဲ့ဆရာ၊ ဆရာမတွေမရှိ ကြလို့ အစ်မဘဲသူ့ ကိုစာသင်ပေးလိုက်ပါနော်။” လို့သူ့အမေက ဖတ်ပြပြီးတဲ့နောက်မှာ သူ့ကိုအိမ်မှာဘဲစာသင်ပေးတော့တယ်။
သူ့မေမေကွယ်လွန် သွားပြီးတဲ့နောက်မှာ သောမတ်ဟာ သူ့မေမေရဲ့သေတ္တာထဲမှာဟောင်းနွမ်းနေတဲ့ စာလေးတစ် စောင်ကိုတွေ့လို့ဖတ်ကြည့်လိုက်တယ်။ အဲဒီစာလေးထဲမှာရေးထားတာက “အစ်မရဲ့သားဟာ ဥာဏ်ရည်အလွန်နိမ့်ပါး နေပါတယ်။ သူတစ်သက်လုံးစာတတ်မှာမဟုတ်ပါဘူး။ ကျွှန်မတို့ကျောင်းမှာ သူ့ကိုလက်မခံနိုင်လို့ ဒီနေ့ကစပြီး ကျောင်း
ထုတ်လိုက်ပါပြီ။” ဒီစာလေးကိုဖတ်ပြီး သူအရမ်းဝမ်းနည်း သွားတယ်။ တစ်ချိန်ထဲမှာဘဲ သူ့မေမေကိုသတိရမိတယ်။ သူ့ကိုအခုလို သိပ္ပံပညာရှင်တစ်ဦးဖြစ်လာအောင် ပညာတွေသင်ကြားပေးတယ်။ သူကိုယ်တိုင်က လည်းကြိုးစားတယ်။ တဆင့်ပြီးတဆင့်သူ့ရဲ့ကြိုးစားအားထုတ်မူကြောင့်လည်း သူဟာမီးသီးကို စတင်တီထွင်ပြီး အောင်မြင်တဲ့သိပ္ပံပညာရှင်
တစ်ဦး ဖြစ်လာခဲ့ တယ်။
ကျွန်မတို့လည်းမိမိစိတ်ဝင်စားတဲ့ အရာကိုကြိုးစားလုပ်ဆောင်ရင် အောင်မြင်မူ့ ဟာလက်တစ်ကမ်းမှာဘဲ ရှိပါတယ်။ အခက်အခဲတော့ ရှိမှာဘဲ ဒါပေမဲ့မဆုပ်မနှစ်သောဇွဲ၊လုံ့လနဲ့ကြိုးစားပြီး အောင်မြင်မူ့ကို ရယူကြပါစို့ လို့တိုက်တွန်းလိုက်ပါတယ်နော်။
သောမတ်အက်ဒီဆင်လို့ သိပ္ပံပညာရှင်တစ်ဦး ပေါ်ထွက်လာအောင် သူသင်ကြားခဲ့တဲ့ကျောင်းက ဆရာ၊ ဆရာမတွေအနေနဲ့ မပြုစုမပျိုးထောင်ပေးနိုင်ခဲ့လို့ ဝမ်းနည်းစရာကောင်းလွန်းလှပါတယ်။
သို့သော် Myanmar Noble University မှာရှိတဲ့ Electrical & Electronic ဆရာ၊ ဆရာမများကတော့ ကျောင်းသား၊ ကျောင်းသူ
တွေအပေါ် စေတနာအပြည့်နဲ့ သင်ကြားပြသမူ့တွေကြောင့် လူတော်လေးတွေ ထွက်ပေါ်လာ တာကိုတွေ့မြင်ရမှာ ဖြစ်ပါတယ်။ သာဓကအနေနဲ့ပြရမယ်ဆိုရင်ဖြင့် ကျောင်းသားတစ်ဦးဖြစ်တဲ့ မောင်ပြည့်စုံထွန်းဟာ Pearson မှချီးမြင့်တဲ့ BTEC Awards 2019 ကိုဆွတ်ခူး ရရှိသွားသောသူ ဖြစ်တယ်။ ဒါကြောင့် မြန်မာနိုဗယ်ကောလိပ်မှာ ဤကဲ့သို့ထူးချွန်တဲ့ကျောင်းသား၊ ကျောင်းသူများကို မွေးထုတ်ပေးလျက်ရှိပါတယ်။
အနာဂတ်တွင် အောင်မြင်သော Electrical & Electronic အင်ဂျင်နီယာတစ်ဦးအဖြစ် ရပ်တည်လိုပါက မြန်မာနိုဘယ်ကောလိပ်ကို အရောက်လှမ်းလာဖို့ ဖိတ်ခေါ်ပါရစေနော်။ England တွင်ရှိသော University of East London မှချီးမြင့်တဲ့ဘွဲ့ကို ရရှိသည်သာမက မိမိ၏ရင်သွေးငယ်အလား စေတနာအပြည့်နဲ့ သင်ကြားပြသပေးနေတဲ့ ဆရာ၊ဆရာမများနဲ့ သင်ယူရမှာဖြစ်ကြောင်း သတင်း
ကောင်းပါးလိုက်ပါတယ်။နွေးထွေးစွာ ကြိုဆိုလျှက်ပါ။