Myanmar Noble College - MNC မှ HND Mechanical Engineering နှင့် Electrical and Electronic Engineering ကိုသင်ယူနေတဲ့ ကျောင်းသူ၊ကျောင်းသားများအား လက်တွေ့ လုပ်ငန်းခွင်ဆိုင်ရာအကြောင်းအရာများ လေ့လာနိုင်စေရန်နှင့် အလုပ်အကိုင်အခွင့်အလမ်းများအကြောင်း ပိုမိုသိရှိလာစေရန် Site Visit အနေဖြင့် ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့နယ်ရှိ HEINEKEN Myanmar Brewery သို့ သွားရောက်လေ့လာခဲ့ကြပါတယ်။
Myanmar Noble College မှ ကျောင်းသူ၊ကျောင်းသားများအား လှိုက်လှဲပျူငှာစွာ ကြိုဆိုလက်ခံပြီး HEINEKEN Myanmar မှ လက်ရှိလုပ်ဆောင်နေသော Sustainability and Responsibility အကြောင်းအရာများ၊ တာ၀န်သိစွာ ချင့်ချိန်သောက်သုံးခြင်း ဖြစ်တဲ့ Responsible Consumption အကြောင်းအရာများ၊ စက်ရုံတွင်းရှိ အင်ဂျင်နီယာဌာနမှ သက်ဆိုင်သော ဗဟုသုတများကိုလည်း မျှဝေပေးခဲ့တဲ့အပြင် ကျောင်းသူ၊ကျောင်းသားများအတွက် အလုပ်အကိုင်အခွင့်အလမ်းများကိုလည်း ရှင်းလင်းပြောကြားပေးခဲ့ပါတယ်။ ထို့အပြင် Brewery Tour အနေနဲ့ စက်ရုံအတွင်း လှည့်လည်ကာ Brewing ထုတ်လုပ်ပုံ အဆင့်ဆင့်၊ ကုန်ကြမ်းပစ္စည်းအပါအဝင် ပါဝင်ပစ္စည်းတိုင်းရဲ့ အရည်အသွေးထိန်းသိမ်းထားမှုများ၊ Waste Management ဆောင်ရွက်မှုများ၊ Safety ပိုင်း လုပ်ဆောင်မှုများကိုလည်း ကျောင်းသူ၊ကျောင်းသားတွေအနေနဲ့ လေ့လာခွင့်ရရှိခဲ့ပြီး အသိပညာဗဟုသုတ များစွာ ရရှိခဲ့သော လေ့လာရေးတစ်ခု ဖြစ်ခဲ့ပါတယ်။
ကျောင်းသူ၊ကျောင်းသားများ သိလိုသောမေးခွန်းများကို ပြန်လည်ဖြေကြားပေးပါသော HEINEKEN Myanmar မှ တာဝန်ရှိသူ တစ်ဦးတစ်ယောက်ချင်းစီအား အထူးပင် ကျေးဇူးတင်ရှိပါတယ်။
Myanmar Noble College တွင် ကျောင်းသူ၊ကျောင်းသားများရဲ့ အနာဂတ်လုပ်ငန်းခွင် အဆင်ပြေစေရေးအတွက် ယခုလို Partnerများ၊ Company များနဲ့ လက်တွဲကာ လုပ်ဆောင်လျက်ရှိပါတယ်။