Myanmar Noble College

aiming for success
Activities
Student Activities

🏆 အောင်ပွဲရသ၊ စိတ်အားတက်ကြွမှုများနဲ့ပြီးဆုံးသွားခဲ့တဲ့ 14th Noble Education Group Futsal Tournament ကြီးရဲ့ Awarding & Closing Ceremony ⚽️

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ (၂၃) ရက်နဲ့ (၂၄) ရက်နေ့တွေမှာ အကြိတ်အနယ် ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ "14th Noble Education Group Futsal Tournament" ပြိုင်ပွဲကြီးဟာ အောင်မြင်စွာနဲ့ ပြီးဆုံးသွားခဲ့ပါပြီ။💯

ဒီပြိုင်ပွဲကြီးဟာ သာမန်အားကစားပြိုင်ပွဲတစ်ခုတင်မဟုတ်ဘဲ Myanmar Noble College (MNC) နဲ့ Noble Learning Hub (NLH) ကျောင်းခွဲအသီးသီးက ကျောင်းသား၊ ကျောင်းသူတွေ၊ ဆရာ/ဆရာမတွေနဲ့ ဝန်ထမ်းတွေအားလုံးရဲ့ ချစ်ခင်ရင်းနှီးမှု၊ စည်းလုံးညီညွတ်မှုနဲ့ အရှုးမပေးတဲ့ "Noble Spirit" ကို အပြည့်အဝ မြင်တွေ့ခဲ့ရတဲ့ ပွဲကြီးတစ်ပွဲလည်း ဖြစ်ပါတယ်။

ဒီနေ့မှာတော့ ပြိုင်ပွဲတစ်လျှောက် အစွမ်းကုန် ကြိုးစားခဲ့ကြတဲ့ Noblers အားလုံးရဲ့ ကြိုးစားအားထုတ်မှုတွေကို အသိအမှတ်ပြုတဲ့အနေနဲ့ ကျင်းပခဲ့တဲ့ ဆုချီးမြှင့်ခြင်းနဲ့ ပိတ်ပွဲအခမ်းအနား (Awarding & Closing Ceremony) ရဲ့ မှတ်တမ်းဓာတ်ပုံလေးတွေကို ဂုဏ်ယူစွာဖြင့် မျှဝေပေးလိုက်ပါတယ်ခင်ဗျာ။ 🥰

🏆 ဂုဏ်ထူးဆောင် ဆုရရှိသွားသော အသင်းများနှင့် ကစားသမားများ

🏆 Champion: Noble Kandawgyi
🥈 1st Runner up: Mechanical Engineering
🥉 2nd Runner up: Civil Engineering
🏅 Fair Play Award: Noble Stars

✨ တစ်ဦးချင်း ဂုဏ်ထူးဆောင်ဆုများ

⚽️ Top Scorer Award: ပြိုင်ပွဲတစ်လျှောက် သွင်းဂိုး (၁၃) ဂိုးဖြင့် Pyae Phyo Aung (7), Noble Kandawgyi မှ ရရှိသွားပါတယ်။

🌟 Best Player Award: Yar Zar Kyaw Zaw (14), Mechanical Engineering မှ ရရှိသွားပါတယ်။

🧤 Best Goalkeeper Award: Min Aie Rot Paing (30), Noble Kandawgyi မှ ရရှိသွားပါတယ်။

ဒီပြိုင်ပွဲကြီး အောင်မြင်စွာ ကျင်းပနိုင်ဖိုအတွက် နောက်ကွယ်ကနေ အစစအရာရာ ပံ့ပိုးပေးခဲ့ကြတဲ့ Noble Education Group ရဲ့ တာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများ၊ ပွဲဖြစ်မြောက်ရေးကော်မတီဝင်များ၊ အားပေးခဲ့ကြတဲ့ မိဘ၊ ကျောင်းသားအားလုံးနဲ့ ပွဲကိုပိုမိုမြိုင်ဆိုင်သွားစေတဲ့ ချစ်စရာ Cheerleaders လေးတွေကို အထူးပဲ ကျေးဇူးတင်မှတ်တမ်းတင်အပ်ပါတယ်။

အရှုး၊ အနိုင်ထက် "Sportsmanship" ဆိုတဲ့ အားကစားစိတ်ဓာတ်ကို အရင်းခံပြီး ချစ်ချစ်ခင်ခင်နဲ့ အားလုံးပေါင်းစည်းခွင့်ရခဲ့တာဟာ ကျွန်တော်တို Noble မိသားစုကြီးအတွက် အကြီးမားဆုံးအောင်ပွဲပါပဲ။ ❤️💯